April 18, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ပအိုဝ်းလူငယ် အစည်းအရုံး (PYO) မှ ဦးဆောင်ပြီး သဘာဝအရင်းအမြစ် နှင့် ဖက်ဒရယ်စနစ် ဖွံ့ဖြိုးရေး ဖိုရမ် ပြုလုပ်ခြင်း

Unicode

ပအိုဝ်းလူငယ် အစည်းအရုံး (PYO) မှ ဦးဆောင်ပြီး သဘာဝအရင်းအမြစ် နှင့် ဖက်ဒရယ်စနစ် ဖွံ့ဖြိုးရေး ဖိုရမ် ကို တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒေသအတွင်းရှိ ဖြစ်ပေါ်နေသော ဖွံ့ဖြိုးရေး အခြေအနေနှင့် အခြားဒေသရှိ ဖွံ့ဖြိုးရေးအခြေအနေများကို ဆွေးနွေးဖလှယ်နိုင်ရန် နှင့် မိမိတို့လိုအပ်သည့် ကောင်းမွန်သောဖွံ့ဖြိုးရေးပုံံစံကို ဆွေးနွေးဖလှယ်နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကရင်နီ၊ ရှမ်း ၊ ကရင် ၊ ပအိုဝ်း နှင့် တအာင်း စသည့်တိုင်းရင်းသား ကိုယ်စားလှယ်အသီးသီးတို့မှ ဖွံ့ဖြိုးရေးအကြောင်းအရာနှင့် အခြေအနေများကို ဆွေးနွေးဖလှယ် တင်ပြခဲ့ကြပြီး တရားလွတ်တော်ရှေ့နေ လွန်းဂျာမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအခြေအနေများကိုလည်း ဆွေးနွေးဖလှယ်သွားခဲ့ပါသည်။ ထို့အပြင် ပင်လောင်း၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ မောက်မယ် နှင့် လွိုင်လင် မြို့နယ်မှ တက်ရောက်လာသော ဒေသခံများလည်း အနာဂတ် ဖွံ့ဖြိုးရေးပုံစံများကို အုပ်စုလိုက် ဆွေးနွေးခဲ့ပြီး ပြန်လည်တင်ပြမှုများပြုလုပ်ခဲ့ကြသည်။
ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံ၏ ဆွေးနွေးချက်များအရ စီမံကိန်းလာရောက်ဖော်ဆောင်ပါက ဒေသခံ၏ သဘောထားများကို ရယူရန်နှင့် ဆွေးနွေးတိုင်ပင်ရန်၊ စီမံကိန်းလာလုပ်သော ကုမ္ပဏီအနေဖြင့် တာဝန်ယူတာဝန်ခံမှုရှိရန်၊ EIA/ SIA သဘောတူညီချက်ရယူရန်၊ ဒေသခံများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လိုက်နာရန် ထိခိုက်မှုမရှိစေရန် နှင့် ဒေသခံများ လက်ခံသည့် သတ်မှတ်ချက်များ၊ စာချုပ်များထားရှိရမည် စသည့်အချက်များ ထွက်ရှိခဲ့ပါသည်။
ဤပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ Taunggyi City Hotel တွင် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် အထိ နှစ်ရက်သာပြုလုပ်ခဲ့ပြီး ဒေသအသီးသီးမှ ဒေသခံများ လူဦးရေ (၁၀၀) ကျော် ဖြင့် တက်ရောက်ခဲ့ပါသည်။

 

Zawgyi

ပအိုဝ္းလူငယ္ အစည္းအ႐ုံး (PYO) မွ ဦးေဆာင္ၿပီး သဘာဝအရင္းအျမစ္ ႏွင့္ ဖက္ဒရယ္စနစ္ ဖြံ့ၿဖိဳးေရး ဖိုရမ္ ကို ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေဒသအတြင္းရွိ ျဖစ္ေပၚေနေသာ ဖြံ့ၿဖိဳးေရး အေျခအေနႏွင့္ အျခားေဒသရွိ ဖြံ့ၿဖိဳးေရးအေျခအေနမ်ားကို ေဆြးေႏြးဖလွယ္နိုင္ရန္ ႏွင့္ မိမိတို႔လိုအပ္သည့္ ေကာင္းမြန္ေသာဖြံ့ၿဖိဳးေရးပုံံစံကို ေဆြးေႏြးဖလွယ္နိုင္ရန္ စသည့္ရည္ရြယ္ခ်က္ျဖင့္ အလုပ္႐ုံေဆြးေႏြးပြဲကို ျပဳလုပ္ခဲ့ျခင္းျဖစ္ပါသည္။
အဆိုပါအလုပ္႐ုံေဆြးေႏြးပြဲတြင္ ကရင္နီ၊ ရွမ္း ၊ ကရင္ ၊ ပအိုဝ္း ႏွင့္ တအာင္း စသည့္တိုင္းရင္းသား ကိုယ္စားလွယ္အသီးသီးတို႔မွ ဖြံ့ၿဖိဳးေရးအေၾကာင္းအရာႏွင့္ အေျခအေနမ်ားကို ေဆြးေႏြးဖလွယ္ တင္ျပခဲ့ၾကၿပီး တရားလြတ္ေတာ္ေရွ႕ေန လြန္းဂ်ာမွ ျမန္မာနိုင္ငံ၏ ဖြံ့ၿဖိဳးေရးအေျခအေနမ်ားကိုလည္း ေဆြးေႏြးဖလွယ္သြားခဲ့ပါသည္။ ထို႔အျပင္ ပင္ေလာင္း၊ ေတာင္ႀကီး၊ ဟိုပုံး၊ ဆီဆိုင္၊ ေမာက္မယ္ ႏွင့္ လြိဳင္လင္ ၿမိဳ႕နယ္မွ တက္ေရာက္လာေသာ ေဒသခံမ်ားလည္း အနာဂတ္ ဖြံ့ၿဖိဳးေရးပုံစံမ်ားကို အုပ္စုလိုက္ ေဆြးေႏြးခဲ့ၿပီး ျပန္လည္တင္ျပမႈမ်ားျပဳလုပ္ခဲ့ၾကသည္။
ဖြံ့ၿဖိဳးေရးစီမံကိန္းႏွင့္ ပတ္သက္ၿပီး ေဒသခံ၏ ေဆြးေႏြးခ်က္မ်ားအရ စီမံကိန္းလာေရာက္ေဖာ္ေဆာင္ပါက ေဒသခံ၏ သေဘာထားမ်ားကို ရယူရန္ႏွင့္ ေဆြးေႏြးတိုင္ပင္ရန္၊ စီမံကိန္းလာလုပ္ေသာ ကုမၸဏီအေနျဖင့္ တာဝန္ယူတာဝန္ခံမႈရွိရန္၊ EIA/ SIA သေဘာတူညီခ်က္ရယူရန္၊ ေဒသခံမ်ား၏ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ားကို လိုက္နာရန္ ထိခိုက္မႈမရွိေစရန္ ႏွင့္ ေဒသခံမ်ား လက္ခံသည့္ သတ္မွတ္ခ်က္မ်ား၊ စာခ်ဳပ္မ်ားထားရွိရမည္ စသည့္အခ်က္မ်ား ထြက္ရွိခဲ့ပါသည္။
ဤပြဲတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ Taunggyi City Hotel တြင္ ဒီဇင္ဘာ ၁၂ ရက္ႏွင့္ ၁၃ ရက္ အထိ ႏွစ္ရက္သာျပဳလုပ္ခဲ့ၿပီး ေဒသအသီးသီးမွ ေဒသခံမ်ား လူဦးေရ (၁၀၀) ေက်ာ္ ျဖင့္ တက္ေရာက္ခဲ့ပါသည္။