April 25, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ (ပင်လောင်းမြို့နယ်)

6/ July/ 2019 ရက်နေ့ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ တီကျစ်ဒေသ ဗန်းမက်ကျေးရွာတွင် ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ ဦးစီးပြီး ဒေသခံများနှင့် သစ်ပင်စိုက်ပျိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲကို ဗန်းမက်ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဆောင်ပုဒ် (၃) ခုဖြင့် ဟောပြောသွားခဲ့သည်။ ထိုနောက် ဝါးပိုးပင်၊ ရွှေဝါးပင်၊ ဝက်သစ်ချပင်၊ ချယ်ရီပင်နှင့် အခြားသောပျိုးပင်များအပါအဝင် ပျိုးပင်စုစုပေါင်း (၆) မျိုး အပင်ပေါင်း ၁၅၀ ကျော်ကို ဗန်းမက်ကျေးရွာ ရေထွက်ဦးအနီးတစ်ဝိုက်နှင့် ဗန်းမက်ရွာ ဧရိယာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။