April 25, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ဆီဆိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ မြေယာနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲ

11/ July/ 2019 ခုနှစ် ဆီဆိုင်မြို့၊ ဘုရားဖြူရပ်ကွက်၊ ဘုရားဖြူခန်းမတွင် ပအိုဝ်းလူငယ်အ စည်းအရုံး (PYO)မှ ဦးစီးပြီး ဒေသခံများကို မြေယာနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် လူဦးရေ ကျား (၄၀) ဦး၊ မ (၃) ဦး၊ စုစုပေါင်း လူဦးရေ (၄၃) ဦးပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားအစီအစဉ်တွင် နောင်ကျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်နိုင်မှ တောင်သူတွေက စိုက်ပျိုးရေးတွေ မြေအပေါ် မှာပဲ အခြေခံပြီး စားသောက်လုပ်ကိုင်ရေကြရတယ်။ နိုင်ငံတော်အဆင့်ဖြစ်ဖြစ် အစိုးရနားမှာပဲဖြစ်ဖြစ် တောင်သူတွေ စကားပြောလို့ရအောင် အချင်းချင်းညီညွတ်ဖို့လိုတယ်။ တောင်သူတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှ စွမ်းရည်တွေမြှင့်လာမယ်၊ စွမ်းရည်တွေမြှင့်လာရင် တောင်သူတွေ အခွင့်အရေးတောင်းမှ အခွင့်အရေးတွေရလာလိမ့်မည် ဟုဆွေးနွေးဟောပြောခဲ့ပါသည်။ ခွန်ဦး (ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ ဆီဆိုင်မှာရှိတဲ့ လွယ်တဖြီတောင်ကိစ္စ၊ မြေသိမ်းကိစ္စ၊ နောင်ထောဝ်ရေလျော့နည်းတာတဲ့ကိစ္စရပ်များနှင့် လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ အခွင့်အရေးဆိုင်ရာများကို ဆွေးနွေးးဟောပြောပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။