April 19, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

PYO ပအိုဝ်းလူငယ်အစည်းအရုံး ကောင်တန်လွယ်မော်တောင်သို့ လေ့လာရေးခရီးစဉ်

PYO ပအိုဝ်းလူငယ်အစည်းအရုံး လွယ်မော်တောင်သို့ လေ့လာရေးခရီးစဉ်
 
တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ နားခဲုင်းကျေးရွာအုပ်စု၊ ပင်အွဉ်း၊ ထမ်းယမ်းရွာအနီးရှိ ကောင်တန်လွယ်မော်သို့ 2019 ခုနှစ်၊ ဧပြီလ၊ 27-28 ရက်နေ့တွင် ပအိုဝ်းလူငယ်အစည်းအရုံးအဖွဲ့များသွားရောက် လေ့လာခဲ့ကြပါသည်။
 
ဧပြီလ၊ 27 ရက်နေ့ နံနက် (၉) နာရီတွင် ပင်အွဉ်းရွာသို့ ရောက်ရှိပြီး ကောင်တန်လွယ်မော် တောင်ပေါ်သို့ ခြေလျင်ဖြင့်တက်ကြပြီး နေ့လည် (၁၂း၁၅) မိနစ်တွင် စေကင်ထိပ်ပေါ်သို့ရောက်ရှိခဲ့ကြသည်။ နေ့လည်စာသုံးဆောင်ကြပြီး လွယ်မော်တောင်၏ သမိုင်းကြောင်းများ လေ့လာခြင်း၊ စုပေါင်းဓါတ်ပုံများရိုက်ခြင်းနှင့် မွန်းလွဲ (၂) နာရီအချိန်တွင် လွယ်မော်တောင်ထိပ်မှ လွယ်ဆောင်ရွာသို့ (၄) နာရီကြာ ခြေလျင်လျောက်ခဲ့သည်။ ၎င်းရွာ၌ ညအိပ်တည်းခိုခဲ့ကြပါသည်။
 
2019 ခုနှစ်၊ ဧပြီလ၊ 28 ရက်နေ့နံနက်တွင် လွယ်ဆောင်ရွာမှ ပအိုဝ်းလူငယ်အစည်းအရုံး ရုံးရှိရာတောင်ကြီးသို့ ပြန်လည်ထွက်ခွါခဲ့ကြပါသည်။