April 23, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ပဉ္ဇမအကြိမ် ညီလာခံ ဗဟိုကော်မတီဝင်များ

ပဉ္စမအကြိမ်မြောက် ပအိုဝ်းလူငယ်အစည်းအရုံး ညီလာခံကျင်းပ

ပဉ္စမအကြိမ်မြောက် ပအိုဝ်းလူငယ်အစည်းအရုံး ညီလာခံကျင်းပ
_________________________________________

သြဂုတ်လ ၂၁ရက်၊ ၂၀၁၉ ခုနှစ် ။

ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ညီလာခံကို ယနေ့ သြဂုတ်လ ၂၁ရက်နေ့ တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အတွင်းရှိ နောင်ကွတ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ဒေသခံလူငယ်ခေါင်းဆောင်များ ၊မဟာမိတ်အဖွဲ့အစည်းများ ၊ အထူးဖိတ်ကြား ထားသော ဧည့်သည်တော်လေ့လာသူများ အဖွဲ့ဝင်အဖွဲ့စည်းများ စသည်ဖြင့် တတ်ရောက်ကြပါသည်။တဆက်တည်းတွင် ညီလါခံအခမ်းအနားပြုလုပ်ရခြင်းများ မိတ်ဆက်ခြင်း ၊အဖွဲ့အစည်းအသီးသီးများမှ မိတ်ဆက်ခြင်း ၊ မဟာမိတ်အဖွဲ့အစည်းများ အဖွဲ့ဝင်အဖွဲ့စည်းများစသည့် အဖွဲ့စည်းအသီးသီးမှပေးပို့သော သဝဏ်လွှာများ ဖတ်ကြားခြင်း စသည်ဖြင့် ညီလာခံအခမ်းအနားကို ပြုလုပ်ကြသည်။

ပအိုဝ်းလူငယ်အစည်းအရုံး၏ ကိုယ်စားလှယ်တော်များ ပြန်လည်ရွေးချယ်တင်မြောက်ခြင်းများနှင့် ရှေ့လုငန်းစဉ် ကဏ္ဍအသီးသီးများကိုလည်း ဆွေးနွေးမူများ ပြုလုပ်သွားမည်ဟုသိရသည် ။ ပအိုဝ်းလူငယ်အစည်းအရုံး ညီလာခံသက်တမ်းသည် သုံးနှစ်တကြိမ် ပြုလုပ်လေ့ရှိပြီး ဒီမိုကရေစီ စနစ်ကျကျ ကျင့်သုံးလျက်ရှိကြောင်းတွေ့ရှိရပါသည်။