တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ (ဆီဆိုင်)

10/ July/ 2019 ခုနှစ် ဗုဒ္ဓဟူးနေ့တွင် ဆီဆိုင်မြို့နယ်၊ ပုံလောင်းကျေးရွာ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ ဖြိုးရေးကွင်း(ပုံလောင်း)မှာ တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲ နှင့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် တက်ရောက်လာကြသော ဒေသခံများမှာ နောင်ကျောကျေးရွာအုပ်စု ရွားများနှင့် ဆီဆိုင်မြို့နယ်မှ ရွာများအချို့တက်ရောက်လာကြပြီး၊ ရွာပေါင်း (၄၆) ရွာ၊ တက်ရောက်သူ (၇၀၀) ကျော် တက်ရောက်ခဲ့ကြပါ သည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပျိုးပင်ပေါင်း (၂၂၀၀) ကျော်ဖြစ်ပြီး ပျိုးပင်အမျိုးအစားများမှာ ရွှေဝါး၊ ခါတော်မီ၊ […]

တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ (ပင်လောင်းမြို့နယ်)

6/ July/ 2019 ရက်နေ့ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ တီကျစ်ဒေသ ဗန်းမက်ကျေးရွာတွင် ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ ဦးစီးပြီး ဒေသခံများနှင့် သစ်ပင်စိုက်ပျိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲကို ဗန်းမက်ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဆောင်ပုဒ် (၃) ခုဖြင့် ဟောပြောသွားခဲ့သည်။ ထိုနောက် ဝါးပိုးပင်၊ ရွှေဝါးပင်၊ ဝက်သစ်ချပင်၊ ချယ်ရီပင်နှင့် အခြားသောပျိုးပင်များအပါအဝင် ပျိုးပင်စုစုပေါင်း (၆) မျိုး အပင်ပေါင်း ၁၅၀ ကျော်ကို ဗန်းမက်ကျေးရွာ ရေထွက်ဦးအနီးတစ်ဝိုက်နှင့် ဗန်းမက်ရွာ ဧရိယာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။