March 28, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

အခွန်ဦးစီးဌာန ဦးအောင်ကိုနှင့် အဖွဲ့ “အခွန်ဆိုင်ရာသိကောင်းစရာများ လာရောက်ရှင်းလင်းဆွေးနွေးပေးခြင်း”

၁၉ ရက်၊ စက်တင်ဘာလ၊ ၂၀၁၈ ခုနှစ် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်တွင် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) သို့ “အခွန်ဆိုင်ရာ သိကောင်းစရာများ” အကြောင်းကို တောင်ကြီးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ဒုဦးစီးမှူး ဦးအောင်ကိုမှ လာရောက်ဆွေးနွေးရှင်းလင်းပေးခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် ပအိုဝ်းလူငယ်အစည်းအရုံးမှ ဝန်ထမ်းများ၊ သင်တန်းသူ/သားများ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဦးအောင်ကိုမှ အခွန်နှင့်ပတ်သက်ပြီး ပြည်သူတွေသိသင့်သိထိုက်သောအကြောင်းအရာများ၊ အခွန်ဆောင်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုရှင်းလင်းပေးပြီး၊ ပအိုဝ်းလူငယ်အစည်းအရုံးမှ ဝန်ထမ်းများ၊ သင်တန်းသူ/သားများမှ သိလိုသောမေးခွန်းများကို မေးမြန်းခဲ့ရာ ဦးအောင်ကိုမှ ပြန်လည်ဖြေကြားခဲ့ပြီး မွန်းလွဲ (၃) နာရီတွင် ဆွေးနွေးပွဲပြီးဆုံးခဲ့ပါတယ်။