April 24, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

လူငယ် နှင့် မူးယစ်ဆေးဝါး မူးယစ်ဆေးဝါး အန္တာရာယ်လျော့ချရေးနှင့် ကုသရေး ဖိုရမ်ပြုလုပ်

လူငယ် နှင့် မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါး အန္တာရာယ်လျော့ချရေးနှင့် ကုသရေး ဖိုရမ်ပြုလုပ်
***********************************************************

တောင်ကြီး၊ ဇူလိုင် (၂၉) ရက်

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ဦးဆောင်၍ မူးယစ်ဆေးဝါး (ATS – စိတ်ကြွဆေးပြား) နှင့်ပတ်သက်၍ ကွင်းဆင်းသုတသနပြုလုပ်ခြင်းမှ ရရှိလာသည့် “အကူအညီလိုအပ်နေသူများ” အစီရင်ခံစာ စာအုပ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၊ (၂၇) ရက်နေ့တွင် လူငယ်နှင့် မူးယစ်ဆေးဝါး (ATS) ဖိုရမ်ဆွေးနွေးပွဲတွင် ချပြခဲ့ပါသည်။
မူးယစ်ဆေးဝါး ပြဿနာနှင့် ပတ်သက်၍ မူဝါဒရေးဆွဲရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို ကျန်းမာရေးနှင့် လူမှုရေးရှု့ထောင့် အကူအညီဖြင့် ရေးဆွဲသင့်ကြောင်း၊ အပြုသဘောဆောင်သည့် ဖြေရှင်းမှုများနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ပြုလုပ်သင့်ကြောင်း၊ လူငယ်များကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် အားကစားနေရာများ ပြုလုပ်သင့်ကြောင်း ဆွေးနွေးပွဲမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များ အကြံပြုတောင်းဆိုခဲ့ကြသည်။

ဤဆွေးနွေးပွဲတွင် အစီရင်ခံစာစာအုပ်မှ တွေ့ရှိသောအချက်များကို ချပြခြင်း၊ မူးယစ်ဆေးဝါးအန္တာရာယ်လျော့ချရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြန်လည်ကုသခြင်းနည်းလမ်းများကို စကားဝိုင်းဖြင့် ဆွေးနွေးခဲ့ကြခြင်း၊ မူးယစ်ဆေးဝါး ပျံံ့နှံ့လာသည့်အကြောင်းအရင်းနှင့် ဖြေလျော့သင့်သည့်နည်းလမ်းများကို တက်ရောက်လာသည့် ဒေသခံများမှ အုပ်စုဖွဲ့၍ ဆွေးနွေးတင်ပြခြင်း နှင့် ရှေ့လုပ်ငန်းစဉ်ရေးဆွဲခြင်းများ ပြုလုပ်ခဲ့ပါသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ထိုအစီရင်ခံစာစာအုပ်ကို ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင် နှင့် တောင်ကြီးမြို့နယ်အတွင်းတွင် သုတေသနကွင်းဆင်း၍ အချက်အလက်ကောက်ယူခဲ့ပါသည်။
လူငယ် နှင့် မူးယစ်ဆေးဝါး ဆွေးနွေးပွဲဖိုရမ်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ဦးဆောင် ပြုလုပ်၍ တောင်ကြီးမြို့ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံတွင် ကျင်းပပြုပြီး လူမှုအဖွဲ့အစည်းများနှင့် ဒေသအသီးသီးမှ ကိုယ်စာလှယ်များ ၄၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါသည်။

မူးယစ်ဆေးဝါး နှင့် ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ဆွေးနွေးခြင်း
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၊ (၂၈) ရက်နေ့တွင် မူးယစ်ဆေးဝါး နှင့် ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံးမှ ဦးဆောင်၍ ယခုလက်ရှိ ဒေသအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရင်ဆိုင်နေရသည့် အခက်အခဲများ၊ ရှေ့လုပ်ငန်းစဉ်များကို ဒေသအသီးသီးမှ တက်ရောက်လာသည့် ကိုယ်စားလှယ် (၂၁) ဦးဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း BH Hotel ၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

#Pa-O Youth Organization
#Unicode
#YOUTH&DRUG FORUM

PDF file ရယူရန်
———————————————-

#Zawgyi
#YOUTH&DRUG FORUM

PDF file ရယူရန်