March 29, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ပအိုဝ်းလူငယ် အစည်းအရုံး (PYO) မှ လူငယ်နှင့် ငြိမ်းချမ်းရေး သင်တန်းဖွင့်ပွဲ ပြုလုပ်ခြင်း

ပအိုဝ်းလူငယ် အစည်းအရုံး (PYO) မှ လူငယ်နှင့် ငြိမ်းချမ်းရေး သင်တန်းဖွင့်ပွဲ ပြုလုပ်ခြင်း
**********************************
၂၀၊ ဇန်နဝါရီလ၊ ၂၀၂၀ ရက်နေ့တွင် ပအိုဝ်းလူငယ် အစည်းအရုံး (PYO) မှ ဦးဆောင်ပြီး လူငယ်နှင့် ငြိမ်းချမ်းရေး သင်တန်းဖွင့်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒေသအလိုက် လူငယ်နှင့် ငြိမ်းချမ်းရေးကို တက်ရောက်လာသည့် လူငယ်များ စွမ်းရည်ပြည့်ဝလာပြီး၊ အရည်အချင်းဖြည့်ပြီးသော လူငယ်များအနေဖြင့် မိမိတို့ လူအဖွဲ့စည်းအတွက် ငြိမ်းချမ်းရေး တည်ဆောက်သည့် လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန်နှင့် ကူညီထောက်ပံ့ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် လူငယ်နှင့် ငြိမ်းချမ်းရေး သင်တန်း (၃) လ နှင့် ကွင်းဆင်း အချက်အလက် ကောက်ယူခြင်း (၃) လ စုစုပေါင်း (၆) လ သင်တန်းဖွင့်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် PNO ၊ PNLO နှင့် မဟာမိတ် အဖွဲ့စည်းတို့အသီးသီးမှ တက်ရောက် အားပေးစကား ပြောကြားခဲ့ကြပါသည်။ လူငယ်နှင့် ငြိမ်းချမ်းရေး သင်တန်းတွင် ဆီဆိုင် ၊ ပင်လောင်း၊ ဟိုပုံး ၊ လွိုင်လင် နှင့် မောက်မယ် မြို့နယ်မှ စုစုပေါင်း လူငယ်၂၀ ဦးခေါ်ယူပြီး ပအိုဝ်းလူငယ်အစည်းအရုံးမှ ဦးဆောင်ပြီး ပို့ချပေးသွားမည် ဖြစ်သည်။
ဤပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် သင်တန်းဖွင့်ပွဲကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ဦးဆောင်ပြီး လူငယ်နှင့် ငြိမ်းချမ်းရေး သင်တန်းကို တက်ရောက်မည့် လူငယ်များ၊ မဟာမိတ်အဖွဲ့စည်းများနှင့် ရုံး၏ ဝန်းထမ်းများ စုစုပေါင်း လူဦးရေ (၄၀) ဦး ဝန်းကျင် တက်ရောက်ခဲ့ပြီး ပအိုဝ်းလူငယ်အစည်းအရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

Zawgyi Version

ပအိုဝ္းလူငယ္ အစည္းအ႐ုံး (PYO) မွ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး သင္တန္းဖြင့္ပြဲ ျပဳလုပ္ျခင္း
**********************************
၂၀၊ ဇန္နဝါရီလ၊ ၂၀၂၀ ရက္ေန႔တြင္ ပအိုဝ္းလူငယ္ အစည္းအ႐ုံး (PYO) မွ ဦးေဆာင္ၿပီး လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး သင္တန္းဖြင့္ပြဲကို ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေဒသအလိုက္ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရးကို တက္ေရာက္လာသည့္ လူငယ္မ်ား စြမ္းရည္ျပည့္ဝလာၿပီး၊ အရည္အခ်င္းျဖည့္ၿပီးေသာ လူငယ္မ်ားအေနျဖင့္ မိမိတို႔ လူအဖြဲ႕စည္းအတြက္ ၿငိမ္းခ်မ္းေရး တည္ေဆာက္သည့္ လုပ္ငန္းစဥ္တြင္ ပူးေပါင္းပါဝင္မႈ အားေကာင္းလာေစရန္ႏွင့္ ကူညီေထာက္ပံ့ေပးနိုင္ရန္ စသည့္ ရည္ရြယ္ခ်က္ျဖင့္ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး သင္တန္း (၃) လ ႏွင့္ ကြင္းဆင္း အခ်က္အလက္ ေကာက္ယူျခင္း (၃) လ စုစုေပါင္း (၆) လ သင္တန္းဖြင့္ပြဲကိုက်င္းပျပဳလုပ္ခဲ့ပါသည္။
သင္တန္းဖြင့္ပြဲတြင္ PNO ၊ PNLO ႏွင့္ မဟာမိတ္ အဖြဲ႕စည္းတို႔အသီးသီးမွ တက္ေရာက္ အားေပးစကား ေျပာၾကားခဲ့ၾကပါသည္။ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး သင္တန္းတြင္ ဆီဆိုင္ ၊ ပင္ေလာင္း၊ ဟိုပုံး ၊ လြိဳင္လင္ ႏွင့္ ေမာက္မယ္ ၿမိဳ႕နယ္မွ စုစုေပါင္း လူငယ္၂၀ ဦးေခၚယူၿပီး ပအိုဝ္းလူငယ္အစည္းအ႐ုံးမွ ဦးေဆာင္ၿပီး ပို႔ခ်ေပးသြားမည္ ျဖစ္သည္။
ဤပြဲတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၊ ဘုရားျဖဴရပ္ကြက္တြင္ သင္တန္းဖြင့္ပြဲကို ပအိုဝ္းလူငယ္အစည္းအ႐ုံး (PYO) မွ ဦးေဆာင္ၿပီး လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး သင္တန္းကို တက္ေရာက္မည့္ လူငယ္မ်ား၊ မဟာမိတ္အဖြဲ႕စည္းမ်ားႏွင့္ ႐ုံး၏ ဝန္းထမ္းမ်ား စုစုေပါင္း လူဦးေရ (၄၀) ဦး ဝန္းက်င္ တက္ေရာက္ခဲ့ၿပီး ပအိုဝ္းလူငယ္အစည္းအ႐ုံး သင္တန္းခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ၾကပါသည္။