March 29, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

PYO မှ ဦးဆောင်၍ ဒေသလူငယ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခြင်း

Unicode

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းလုပ်ငန်းတွင် လူငယ်များ ဒေသအဆင့် ထိရောက်စွာ ပူးပေါင်း ပါဝင်နိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို ့တွင် ပြုလုပ်သွားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးမှာ လူငယ်သည် အဓိက အင်အားစုများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ၆ဝရာခိုင်နှုန်းသည် လူငယ်များသာဖြစ်သည့်အတွက်ကြောင့် လူငယ်များသည် ငြိ်မ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဖို့အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် တတ်သိကျွမ်းကျင်သောလူငယ်များ ရှိသော်လည်း အဓိကအခန်းကဏ္ဍဖြစ်သည့် ဦးဆောင်မှုအပိုင်းနှင့် ဆုံးဖြတ်ချက်ချသော အပိုင်းတွင် ပါဝင်နိုင်မှု မရှိသလောက်နည်းပါးကြောင်း စသည့် ဆွေးနွေးချက်များတွေ့ရှိရပါသည်။
“ ငြိမ်းချမ်းရေးဆိုတာ တိုက်ပွဲမဖြစ်တာလည်း ငြိမ်းချမ်းရေးတစ်မျိုးပဲပေါ့ ကျွန်မတို့ဒေသမှာဆိုရင် investment ( ရင်းနှီးမြုပ်နှံမှု)ဆိုင်ရာတို့ မူးယစ်ဆေးဝါးတို့ တည်ရှိနေတာက ဒါဟာ ငြိမ်းချမ်းရေးမဟုတ်သေးဘူးပေါ့နော်။ နောက်တစ်ခုက တရားမျှတမှု၊ တန်းတူညီမျှမှုတို့ရှိတာကလည်း ငြိမ်းချမ်းရေးလို့လည်း ဆိုနိုင်တာပေါ့နော်။” ဟု ပအိုဝ်းလူငယ်အစည်းအရုံးရှိ နန်းရွှေလီက ပြောကြားပါသည်။
ဆွေးနွေးပွဲ၏ နောက်ဆက်တွဲတွင် လူငယ်နှင့် ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် PYO မှ ဦးဆောင်ပြီး သင်တန်း ၃ လဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်း ၃လ ပြုလုပ်သွားမည်ဖြစ်သည်။
ဆွေးနွေးပွဲကို် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ဦးဆောင်၍ တောင်ကြီးမြို့ Taunggyi City Hotel တွင် နိုဝင်ဘာ၂၅ မှ၂၆ ထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး PNLO/PNO၊ (၅) မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအချို့နှင့် ဒေသခံလူငယ်များ ( ၄၂) ဦးတက်ရောက်ခဲ့ကြပါသည်။

————————————————————–

ZawGyi

PYO မွ ဦးေဆာင္၍ ေဒသလူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲျပဳလုပ္ျခင္း
ၿငိမ္းခ်မ္းေရး တည္ေဆာက္ျခင္းလုပ္ငန္းတြင္ လူငယ္မ်ား ေဒသအဆင့္ ထိေရာက္စြာ ပူးေပါင္း ပါဝင္နိုင္ရန္အတြက္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ ့တြင္ ျပဳလုပ္သြားခဲ့ပါသည္။
ေဆြးေႏြးပြဲတြင္ ေဆြးေႏြးသည့္ အေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးမွာ လူငယ္သည္ အဓိက အင္အားစုမ်ားျဖစ္ေၾကာင္းႏွင့္ ျမန္မာနိုင္ငံတြင္ ၆ဝရာခိုင္ႏႈန္းသည္ လူငယ္မ်ားသာျဖစ္သည့္အတြက္ေၾကာင့္ လူငယ္မ်ားသည္ ၿငိ္မ္းခ်မ္းေရးျဖစ္စဥ္တြင္ ပါဝင္ဖို႔အေရးႀကီးေၾကာင္း ေဆြးေႏြးခဲ့ၾကပါသည္။ ထို႔အျပင္ ျမန္မာနိုင္ငံတြင္ တတ္သိကၽြမ္းက်င္ေသာလူငယ္မ်ား ရွိေသာ္လည္း အဓိကအခန္းက႑ျဖစ္သည့္ ဦးေဆာင္မႈအပိုင္းႏွင့္ ဆုံးျဖတ္ခ်က္ခ်ေသာ အပိုင္းတြင္ ပါဝင္နိုင္မႈ မရွိသေလာက္နည္းပါးေၾကာင္း စသည့္ ေဆြးေႏြးခ်က္မ်ားေတြ႕ရွိရပါသည္။
“ ၿငိမ္းခ်မ္းေရးဆိုတာ တိုက္ပြဲမျဖစ္တာလည္း ၿငိမ္းခ်မ္းေရးတစ္မ်ိဳးပဲေပါ့ ကၽြန္မတို႔ေဒသမွာဆိုရင္ investment ( ရင္းႏွီးျမဳပ္ႏွံမႈ)ဆိုင္ရာတို႔ မူးယစ္ေဆးဝါးတို႔ တည္ရွိေနတာက ဒါဟာ ၿငိမ္းခ်မ္းေရးမဟုတ္ေသးဘူးေပါ့ေနာ္။ ေနာက္တစ္ခုက တရားမၽွတမႈ၊ တန္းတူညီမၽွမႈတို႔ရွိတာကလည္း ၿငိမ္းခ်မ္းေရးလို႔လည္း ဆိုနိုင္တာေပါ့ေနာ္။” ဟု ပအိုဝ္းလူငယ္အစည္းအ႐ုံးရွိ နန္းေရႊလီက ေျပာၾကားပါသည္။
ေဆြးေႏြးပြဲ၏ ေနာက္ဆက္တြဲတြင္ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရးေခါင္းစဥ္ျဖင့္ PYO မွ ဦးေဆာင္ၿပီး သင္တန္း ၃ လဖြင့္လွစ္သြားမည္ျဖစ္ၿပီး လက္ေတြ႕ကြင္းဆင္း ၃လ ျပဳလုပ္သြားမည္ျဖစ္သည္။
ေဆြးေႏြးပြဲကို္ ပအိုဝ္းလူငယ္အစည္းအ႐ုံး (PYO) မွ ဦးေဆာင္၍ ေတာင္ႀကီးၿမိဳ႕ Taunggyi City Hotel တြင္ နို္ဝင္ဘာ၂၅ မွ၂၆ ထိ ႏွစ္ရက္တာ က်င္းပျပဳလုပ္ခဲ့ၿပီး PNLO/PNO၊ (၅) ၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအခ်ိဳ႕ႏွင့္ ေဒသခံလူငယ္မ်ား ( ၄၂) ဦးတက္ေရာက္ခဲ့ၾကပါသည္။