April 19, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကြောင့်ဒေသခံတွေ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေဟုဆို

Kumudranews

၂၁၊ဇန်န၀ါရီ၊ရန်ကုန်။
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ လည်ပတ်နေတဲ့ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံပြည်သူတွေ ကျန်းမာရေးဆိုးရွားစွာထိခိုက်နေပြီး ပေါင်မပြည့်တဲ့ကလေးတွေပိုပြီးမွေးဖွားလာတယ်လို့ ပင်လောင်းမြို့နယ် မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဖွဲ့မှာဦးဆောင်လုပ်ပေးနေ တဲ့ဒေါ်ခင်မေသန်းက သည်ကနေ့ပြုလုပ်တဲ့ တီကျစ်မြေက ခေါင်းလောင်းသံ စာအုပ်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
သူက” ကျမက ရွာတွေမှာရှိတဲ့ သားဖွားဆရာမတွေနဲ့ အမြဲအဆက်သွယ်လုပ်တဲ့အတွက် သိရတာပါ။ အမျိုးသမီးတွေဆိုရင်လည်းအရင်တုန်းက ဘာရောဂါမှမဖြစ်ခဲ့ဘူး။လွန်ခဲ့တဲ့ ၈နှစ်လောက်ကပေါ့ ခုဆိုရင် သားပျက်သားရှောတာတွေ လမပြည့်ပေါင်မစေ့တာတွေမွေးလာတယ် ကလေးတွေဆိုရင်လည်း ပိုလီယိုကျပ်မပြည့် ကလေးတွေမွေးလာတာ သည်စက်ရုံလည်နေမှမွေးဖွားလာသူတွေပါ “လို့ပြောပါတယ်။
ရွာတွေမှာ သားပျက် သားလျောစာရင်းအတိအကျပေးဖို့ပင်လောင်းဆေးရုံကတာဝန်ခံဆရာဝန်ဆီမှာ တောင်းထားတယ်လို့ဆိုပါတယ်။
စက်ရုံကထွက်တဲ့ အနံဆိုးတွေကြောင့် ဒေသခံတွေ ကျန်းမာရေးပြသာနာတွေ ကြုံတွေနေရသလိုသဘာဝပတ်ဝန်းကျင်ပျက်စီးလာပြီး စက်ရုံကထွက်တဲ့ ရေဆိုးတွေကြောင့် သီးနှံတွေ အထွက်နူန်းလျော့ကြလာတယ်လို့သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် စီမံကိန်းမြေအတွက်လျော်ကြေးငွေမရတာတွေ ရှိနေတယ်လို့ ဆိုပါတယ် ။
ကျေက်မီးသွေးစက်ရုံကြောင့် ဒေသခံတွေဆိုးကျိုးခံစားနေရတဲ့ အကြောင်းရေးသားထားတဲ့ အစီရင်ခံစာ စာအုပ်ပြုစုဖို့၆နှစ်ကြာအချိန်ယူခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးကဦးဆာင်သူ ခွန်ဦးပြောပါတယ်။
တီကျစ် ကျောက်မီးသွေးစက်ရုံလည်ပတ်နေတာကို ဒေသခံတွေကန့်ကွက်နေတဲ့ကြားက စက်ရုံလည်ပတ်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင် ကန့်ကွက်တဲ့လတ်မှတ် ပေါင်း ၂၀၀၀ စုစည်းပြီးစက်ရုံမှူးကိုတင်ပြခဲ့တယ်လို့သိရပါတယ်။
သတင်းစာရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ ပင်လောင်းမြို့နယ် တာယာကုန်းကျေးရွာက ခွန်ဝင်းထိန်က “စက်ရုံကြောင့် ကျွန်တော်တို့ပြည်သူတွေ ဒုက္ခ ရောက်နေကြပါတယ်။အနံဆိုးတွေနဲ့နေရတယ်။ရေဆိုးတွေကလည်း သောက်သုံးရေတွေထဲ ၀င်ရောက်နေတာကြောင့် ကျန်းမာရေးလဲထိခိုက်နေကြတယ်။ထာဝရပိတ်ပင်ပေးဖို့ တောင်းဆိုပါတယ်လို့ “ပြောပါတယ် ။
တီကျစ်စက်ရုံကို ၂၀၀၃ခုနှစ် စတင်လည်ပတ်ခဲ့ပြီး နှစ်၂၀ ဧဒင်စွမ်းအင်နဲ့ သဘာဝအရင်းမြစ်များ ဖွံ့ဖြိုးရေးကုမ္ပဏီကလုပ်ပိုင်ခွင့်ရခဲ့ပါတယ်။ တူးဖော်ခွင့်သက်တမ်း မှာ၂၀၁၃ခုနှစ်က ကုန်ဆုံးခဲ့ပါတယ် ။
၂၀၁၅ခုနှစ် အောက်တိုဘာလ အတွင်းမှာ တရုတ်ကုမ္ပဏီကပြန်လည်လွဲယူခဲ့ပြီး ၂၂နှစ်လုပ် ကိုင်ဖို့သဘောတူစာချုပ်ချုပ်ဆိုထားတယ်လို့ ၂၀၁၇ခုနှစ် ၁လပိုင်းထုတ် တီကျစ်မြေမှ ခေါင်းလောင်းသံ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်မှာရှိတဲ့ စီမံကိန်း ၂၀ကျော်ကို ပြည်သူလူထုသဘောမတူတာကြောင့် ရပ်တန့်ထားတယ်လို့ ပြောကြားထားပါတယ်။
လက်ရှိတီကျစ် ကျောက်မီးသွေးသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေတာကြောင့် အပြီးပိုင် ရပ်ဆိုင်းပေးဖို့ ကန့်ကွက်တာပါလို့ သည်ကနေ့သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
အေးအေးအောင်