21st Anniversary of Pa-O Youth Organization
PYO မှ ဦးဆောင်၍ ဒေသလူငယ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခြင်း
Unicode ငြိမ်းချမ်းရေး တည်ဆောက်ခြင်းလုပ်ငန်းတွင် လူငယ်များ ဒေသအဆင့် ထိရောက်စွာ ပူးပေါင်း ပါဝင်နိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို ့တွင် ပြုလုပ်သွားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးမှာ လူငယ်သည် အဓိက အင်အားစုများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ၆ဝရာခိုင်နှုန်းသည် လူငယ်များသာဖြစ်သည့်အတွက်ကြောင့် လူငယ်များသည် ငြိ်မ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဖို့အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် တတ်သိကျွမ်းကျင်သောလူငယ်များ ရှိသော်လည်း အဓိကအခန်းကဏ္ဍဖြစ်သည့် ဦးဆောင်မှုအပိုင်းနှင့် ဆုံးဖြတ်ချက်ချသော အပိုင်းတွင် ပါဝင်နိုင်မှု မရှိသလောက်နည်းပါးကြောင်း စသည့် ဆွေးနွေးချက်များတွေ့ရှိရပါသည်။ “ ငြိမ်းချမ်းရေးဆိုတာ […]
Youth and Peace Application form
လူငယ်နှင့် ငြိမ်းချမ်းရေး စွမ်းရည်မြှင့် သင်တန်းလျှောက်လွှာ ခေါ်ယူခြင်း ********************************************************* လာမည့် ၂၀၂၀ ဇန်နဝါရီ် မှ ဇွန်လအထိ တွင် လူငယ်နှင့် ငြိမ်းချမ်းရေး စွမ်းရည်မြှင့်တင်ခြင်း သင်တန်းကျောင်းကို စတင်ဖွင့် လှစ်သွားမည်ဖြစ်ပြီး သင်တန်းချိန်ကို ၃ လ၊လက်တွေ့ ၃လ စုစုပေါင်း အချိန် ၆ လ ကြာမြင့်မှာဖြစ်သည်။ ဤသင်တန်းကျောင်း၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များပိုမိုပါဝင် လာနိုင်အတွက် လိုအပ်သည့် စွမ်းရည် ဗဟုသုတများ ကျွမ်းကျင်မှုနှင့် အတွေးအခေါ်ပိုင်ဆိုင်များကို မြှင့်တင်ပေးခြင်းဖြစ်သည်။ မှတ်ချက်။ ။ […]
Pa-O Youth Organization (PYO) YouTube Channel
အားလုံးဘဲ မင်္ဂလာပါ…… ဒါကတော့ ကျနော်တို့ ပအိုဝ်းလူငယ်အစည်းအရုံး၏ YouTube Channel ဘဲ ဖြစ်ပါတယ် ဝင်ရောက်ကြည့်အားပေးပြီး LIKE & Share, SUBSCRIBE လေးတွေပြုလုပ်ထားပါ နောက်ကျနော်တို့ တင်မည့် ဗွီဒီယို လုပ်ရှားမှုများကို ကြည့်ရှုလို့ရအောင်….. ……………………………………………………….. ကားကအဝ်ႏမင်္ဂလာႏဒျာႏဩ ယိုနဝ်ꩻနီသွဉ်းသီး ပအိုဝ်ႏလိုꩻယွဲးစွိုꩻ YouTube Channel ဒျာႏနဝ်ꩻသွူဩ ထွားဖေႏအာႏဗဲင်းနီသွဉ်းသီး PYO Channel ယိုဩ… နဝ်ꩻထွူတဲ့ အွဉ်ႏဖေင်ꩻ Like & Share, SUBSCRIBE ခါꩻမွိုန်းနဝ်ꩻသနဲ့ဩ….. မဉ်ႏမာꩻခါꩻ Like […]
ပဉ္စမအကြိမ်မြောက် ပအိုဝ်းလူငယ်အစည်းအရုံး ညီလာခံ သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ၊ (၂၁) ရက် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ညီလာခံကို ယနေ့ သြဂုတ်လ (၂၁) ရက်နေ့ တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အတွင်းရှိ နောင်ကွတ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုခဲ့သည့် ပဉ္စမအကြိမ်မြောက် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ညီလာခံ၏ သတင်းထုတ်ပြန်ချက်
ပဉ္စမအကြိမ်မြောက် ပအိုဝ်းလူငယ်အစည်းအရုံး ညီလာခံကျင်းပ
ပဉ္စမအကြိမ်မြောက် ပအိုဝ်းလူငယ်အစည်းအရုံး ညီလာခံကျင်းပ _________________________________________ သြဂုတ်လ ၂၁ရက်၊ ၂၀၁၉ ခုနှစ် ။ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ညီလာခံကို ယနေ့ သြဂုတ်လ ၂၁ရက်နေ့ တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အတွင်းရှိ နောင်ကွတ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ဒေသခံလူငယ်ခေါင်းဆောင်များ ၊မဟာမိတ်အဖွဲ့အစည်းများ ၊ အထူးဖိတ်ကြား ထားသော ဧည့်သည်တော်လေ့လာသူများ အဖွဲ့ဝင်အဖွဲ့စည်းများ စသည်ဖြင့် တတ်ရောက်ကြပါသည်။တဆက်တည်းတွင် ညီလါခံအခမ်းအနားပြုလုပ်ရခြင်းများ မိတ်ဆက်ခြင်း ၊အဖွဲ့အစည်းအသီးသီးများမှ မိတ်ဆက်ခြင်း ၊ မဟာမိတ်အဖွဲ့အစည်းများ အဖွဲ့ဝင်အဖွဲ့စည်းများစသည့် အဖွဲ့စည်းအသီးသီးမှပေးပို့သော သဝဏ်လွှာများ […]
ဆီဆိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ မြေယာနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲ
11/ July/ 2019 ခုနှစ် ဆီဆိုင်မြို့၊ ဘုရားဖြူရပ်ကွက်၊ ဘုရားဖြူခန်းမတွင် ပအိုဝ်းလူငယ်အ စည်းအရုံး (PYO)မှ ဦးစီးပြီး ဒေသခံများကို မြေယာနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် လူဦးရေ ကျား (၄၀) ဦး၊ မ (၃) ဦး၊ စုစုပေါင်း လူဦးရေ (၄၃) ဦးပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားအစီအစဉ်တွင် နောင်ကျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်နိုင်မှ တောင်သူတွေက စိုက်ပျိုးရေးတွေ မြေအပေါ် မှာပဲ အခြေခံပြီး စားသောက်လုပ်ကိုင်ရေကြရတယ်။ နိုင်ငံတော်အဆင့်ဖြစ်ဖြစ် အစိုးရနားမှာပဲဖြစ်ဖြစ် တောင်သူတွေ […]
တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ (ဆီဆိုင်)
10/ July/ 2019 ခုနှစ် ဗုဒ္ဓဟူးနေ့တွင် ဆီဆိုင်မြို့နယ်၊ ပုံလောင်းကျေးရွာ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ ဖြိုးရေးကွင်း(ပုံလောင်း)မှာ တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲ နှင့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် တက်ရောက်လာကြသော ဒေသခံများမှာ နောင်ကျောကျေးရွာအုပ်စု ရွားများနှင့် ဆီဆိုင်မြို့နယ်မှ ရွာများအချို့တက်ရောက်လာကြပြီး၊ ရွာပေါင်း (၄၆) ရွာ၊ တက်ရောက်သူ (၇၀၀) ကျော် တက်ရောက်ခဲ့ကြပါ သည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပျိုးပင်ပေါင်း (၂၂၀၀) ကျော်ဖြစ်ပြီး ပျိုးပင်အမျိုးအစားများမှာ ရွှေဝါး၊ ခါတော်မီ၊ […]
တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ (ပင်လောင်းမြို့နယ်)
6/ July/ 2019 ရက်နေ့ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ တီကျစ်ဒေသ ဗန်းမက်ကျေးရွာတွင် ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ ဦးစီးပြီး ဒေသခံများနှင့် သစ်ပင်စိုက်ပျိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲကို ဗန်းမက်ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဆောင်ပုဒ် (၃) ခုဖြင့် ဟောပြောသွားခဲ့သည်။ ထိုနောက် ဝါးပိုးပင်၊ ရွှေဝါးပင်၊ ဝက်သစ်ချပင်၊ ချယ်ရီပင်နှင့် အခြားသောပျိုးပင်များအပါအဝင် ပျိုးပင်စုစုပေါင်း (၆) မျိုး အပင်ပေါင်း ၁၅၀ ကျော်ကို ဗန်းမက်ကျေးရွာ ရေထွက်ဦးအနီးတစ်ဝိုက်နှင့် ဗန်းမက်ရွာ ဧရိယာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။   
Tigyit Coal Mining & Coal Power Plant Area Community Gathering
5/ July/ 2019 ရက်နေ့တွင် ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ ပင်လောင်းမြို့၊ နောင်တရားမြို့နယ်ခွဲ၊ ဗန်းမက်ကျေးရွာတွင် Tigyit Coal Mining & Coal Power Plant Area Community Gathering အသိပညာပေး ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ဒေသခံများ (၃၀) ကျော်ဖြင့် ဗန်းမက်ရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။