April 27, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ လူငယ်နှင့် နိုင်ငံရေး သင်တန်းပြုလုပ်

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ လူငယ်နှင့် နိုင်ငံရေး သင်တန်းပြုလုပ်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၊ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ဦးဆောင်မှု ပြုလုပ်ပြီး လူငယ်နှင့် နိုင်ငံရေး သင်တန်းကို ပြုလုပ်ခဲ့ပါသည်။ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ မောက်မယ်မြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်မှ တက်ကြွသည့် ဒေသခံလူငယ် (၁၂) ဦး တက်ရောက်လေ့လာခဲ့ကြပါသည်။

လူငယ်များသည် နိုင်ငံရေး နှင့် ငြိမ်းချမ်းရေး အခြေခံသဘောတရား နားလည်လာစေရန် ၊ လူငယ်များ အချင်းချင်းကြားတွင် ရင်နှီးမှုများ ပိုမိုရရှိစေရန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များ ဘယ်လိုပါဝင်နိုင်သည်ကို သိရှိလာစေရန် ရည်ရွယ်ပြီး သင်တန်းတွင် ဖက်ဒရယ်၊ နိုင်ငံရေးအယူအဆ၊ ငြိမ်းချမ်းရေးဖြစ်စဉ် Update၊ ဥပဒေအကြောင်း၊ အသွင်းကူပြောင်းရေကာလနှင့် တရားမျှတမှု (TJ) စသည့် သင်ခန်းစာများအပြင် ရရှိသွားသည့် ဗဟုသုတများကို အချင်းချင်းကြားတွင် ဆွေးနွေးဖလှယ်မှု ပြုလုပ်ခဲ့ကြပါသည်။ ဦးဆောင်ဆွေးနွေးသူမှာ PNLO မှ ဆရာခွန်မြင့်ထွန်း၊ မျိုးဆက်သစ်ရှမ်းပြည်မှ ဆရာဦးညီညီမိုး၊ ရှေ့နေ ဆရာသော်ဝင်းနိုင်၊ PYO မှ ဆရာဦးခွန်ဦး နှင့် ဆရာနန်းဗိုများ ဖြစ်ကြပါသည်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးသည် လူငယ်များအတွက် အရေးကြီးသည့်အတွက်ကြောင့် နိုင်ငံရေး သင်တန်းများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်ဟု မြို့နယ်အသီးသီးမှ တက်ရောက်လာသည် လူငယ်များအား အကြံပြုကြပါသည်။

မှတ်ချက်။ ။ သင်တန်းပြုလုပ်တဲ့အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါသည်။

=================

Pa-O Youth Organization (PYO) conducts youth and political training

(September 29, 2020)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
2020 September From 14 to 24, the Pa-O Youth Organization (PYO) conducted youth and political training. Hopone Township Loi Lin Township Maukme Township Twelve active local youths from Taunggyi and Hsi Hseng Townships attended.
Young people need to understand the basics of politics and peace; To create more intimacy among young people; The course aims to learn how young people can be involved in the transition to democracy and the peace process. Political ideology; Peace Process Update, About Law, In addition to lessons learned on transitional justice (TJ), the knowledge gained was shared with each other. The keynote speaker was Khun Myint Tun from PNLO; Sayar U Nyi Nyi Moe from New Generation Shan State; Sayar U Khun Oo and Sayar Nang Bo from PYO.
Young people from various townships are advised to continue their political training as politics and peace are important for young people.
Note. : During the training, we followed the guidelines issued by the Ministry of Health and Sports.