April 19, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဆွေးနွေးပွဲ

#PYOChannel

လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဆွေးနွေးပွဲ

၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ ၊ ၂၃ ရက်နေ့တွင် ဒေသခံများနှင့် ရင်းနှီးမှုရရှိရန်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်အယူအဆများ ဖလှယ်နိုင်ရန်ကို ရည်ရွယ်ပြီး ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အကျဥ်းကျခံရသောသူများ၏အသံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို​ဆွေးနွေးပွဲကို ကျောက်တန်းကျေးရွာတွင် ကျင်းခဲ့ပြုလုပ်ပြီး ကျေးရွာသူကြီး နှင့် ဒေသခံလူငယ် စုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့ပါသည်။

လက်ရှိမူးယစ်ဆေးဝါး အခြေအနေနှင့် မည်သို့မည်ပုံ ဖြေရှင်းမှု ပြုလုပ်နေသည်ကို ဆွေးနွေးခဲ့ကြပါသည်။

ပအိုဝ်းလူငယ်အစည်းအရုံးအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဒေသအတွင်းတွင် အသိပညာပေးသင်တန်းနှင့် ဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် လိုသည်ဟု တက်ရောက်လာသည့် သူများအားဆွေးနွေးကြပါသည်။

#PYONEWS