April 28, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဟောပြောပွဲ

၂၅ ရက်၊ ဇွန်လ၊ ၂၀၁၉ ခုနှစ်တွင် လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဟောပြောပွဲတွင် “ ကူညီပါ အပြစ်မပေး ပါနဲ့” ဟူသော ဆောင်ပုဒ်ဖြင့် Pa-O Youth Organization (PYO), Transnational Justice (TNI), Drug Policy & Advocacy Group (DPAG – Myanmar) တို့ပူးပေါင်းပြီး လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဟောပြောပွဲကို တောင်ကြီးမြို့၊  ဇိန်ဂျိုးဇက် အောက်မေ့ဘွယ်ဓမ္မာရုံ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် CSOs (လူမှုအဖွဲ့အစည်း)၊ NGOs (အစိုးရမဟုတ်သော အဖွဲ့အစည်း)၊  အစိုးရ ဌာနဆိုင်ရာများနှင့် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ်၊ လွိုင်လင် မြို့နယ်တို့မှ ဒေသခံတစ်ချို့ ပူးပေါင်းပါဝင်တက်ရောက်ခဲ့သည်။ လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဟောပြောပွဲ ပါဝင်တက်ရောက် ခဲ့ကြသော လူဦးရေစုစုပေါင်းမှာ (၁၂၁)ဦးဖြစ်သည်။

ပထမပိုင်းတွင် တက်ရောက်သူများအား အဖွင့်အမှာ စကားပြောကြားပေးခြင်း၊ ဒေသတွင်းရှိ အခြေအနေများကို တင်ပြခြင်းနှင့် အုပ်စုဓါတ်ပုံ ရိုက်ကူးခြင်းပြုလုပ်ခဲ့ပြီး အနားယူ အအေးသုံးဆောင်ခဲ့ကြသည်။

ဒုတိယပိုင်းတွင် ဆွေးနွေးခြင်း စကားဝိုင်းဖြင့် ပြန်လည်စတင်ကာ သိလိုသည်များကို အပြန်အလှန်မေးခွန်း မေးမြန်းခြင်းများပြုပ်ခဲ့ပြီး ဆွေးနွေးမှုများမှ သဘောထားထုတ်ပြန်ကြောညာချက်များကို ဖတ်ကြားခဲ့သည်။ ထိုနောက် အခမ်းအနားမှူးမှ တက်ရောက်လာသော သူများအား ကျေးဇူးတင်စကားပြောကြားပြီး အခန်းအနားကို ရုပ်သိမ်းခဲ့ပါသည်။