April 20, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ရှမ်းပြည်နယ် တိုင်းရင်းသားလူငယ်များ ညီလာခံ ဖြစ်မြောက်ရေး အစည်းအဝေး

21-22, June, 2019 ခုနှစ်တွင် ညီလာခံဖြစ်မြောက်ရန်အတွက်  ညီလာခံတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးမည်၊ ညီလာခံကို မည်သည့်နေရာတွင် ကျင်းပမည်၊ မည်သူက မည်သည့်အပိုင်းတွင် တာဝန်ယူမည်နှင့် ကျင်းပမည့်အချိန် တို့ကို ဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ ပအိုဝ်းလူငယ်အစည်းအရေုံး (PYO) မှ ဦးဆောင်ပြီး ရှမ်းပြည်နယ် တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး အစည်းအဝေး (Shan State Ethnic Youth Meeting)ကို တောင်ကြီးမြို့၊ True Treasure Hotel တွင် (၂) ရက်တာ ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားလူငယ်များဖြစ်ကြသော အာခါ၊ လားဟူ၊ ကယန်း၊ ကနော့၊ ၀၊ ကချင်၊ တအန်း၊ အင်းသား၊ ရှမ်း၊ အဲန်၊ တောင်ရိုး၊ ဓနုနှင့် ပအိုဝ်းလူမျိုးတို့၏ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။ ရှမ်းပြည်နယ် တိုင်းရင်းသားလူငယ်များ ညီလာခံ ဖြစ်မြောက်ရေး အစည်းအဝေးတွင် ပါဝင်သူ စုစုပေါင်း လူဦးရေမှာ (၂၂) ဦး ဖြစ်သည်။